: gmail backup လုပ်တာ မလုပ်တတ်လို့ မေးလ်တစ်ခုကို ဖျက်ပြီး အဲ့ဒီ့အထဲက မေးလ်တွေ အားလုံးကို တစ်ခြား မေးလ်အသစ်ထဲကို ပို့မယ် . ပို့မရရင် ကွန်ပျူတာထဲမှာ backup လုပ်ထားချင်တယ် . တစ်ခုချင်းစီ လုပ်နေရရင် အချိန်ကုန်လို့ အားလုံးကို ဘယ်လိုမျိုး backup လုပ်ယူနိုင်မှာလဲ ကူညီပေးပါဦး .
နည်းက နှစ်နည်းရှိတယ် .
1. Outlook express (သို့) thunder bird ကိုသုံးပြီး မိမိရဲ့ gmail account နဲ့ဝင်လိုက် . အဲ့ဒါဆိုရင် အထဲမှာ ရှိတဲ့ မေးလ်တွေ အားလုံး မိမိ ကွန်ပျူတာထဲကို ရောက်လာလိမ့်မယ် . outlook express အသုံးပြုနည်း အကြောင်းကို ဒီမှာ ရေးထားပြီးသားပါ ပြီးတော့ thunderbird အသုံးပြုနည်း အကြောင်းကိုလဲ ဒီမှာ ရေးပေးထား ပါတယ် . ဖတ်ကြည့်လိုက်ပါ .
2. နောက်တစ်နည်းကတော့ backup program ကို သုံးပြီးတော့ backup လုပ်တာပါ .
အခုတစ်လော မေးထားတာလေးတွေကို နိုင်သလောက် ဖြေပေးပါ့မယ် . နဲနဲလေးကြာတာကို စိတ်ရှည်ပေးကြပါ . ကျွန်တော် အားလုံးအတွက် အဆင်ပြေအောင် pdf ebooks လေးတွေ လုပ်ပေးနေတယ် . ဒီဇိုင်းက ပြန်လုပ်နေရလို့ နဲနဲလောက် အဲ့ဖက်ကို အချိန်ပေးလိုက်ဦးမယ် . အင်တာနက် အသုံးပြုဖို့ အချိန်ဆင်းရဲတဲ့ သူတို့အဖို့ အတွက် အဆင်ပြေအောင်ပါ .
အောက်မှာ gmail backup program တင်ပေးလိုက်တယ် . Download လုပ်လိုက်ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .
Tuesday, January 5, 2010
Subscribe to:
Posts (Atom)